ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန သတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာ၀န်ရှိသူများသည် (၁၂-၁၁-၂၀၂၅) ရက်နေ့၊ (၀၉:၀၀) နာရီအချိန်တွင် သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ငလျင်သဏ္ဌာန်တူဇာတ်တိုက်‌လေ့ကျင့်ရေး သရုပ်ပြ‌အခမ်းအနားကို လှည်းကူးမြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်း (လှည်းကူး) ၌ ကျင်းပ ပြုလုပ်ခဲ့ပါသည်။ ကြိုတင်ခန့်မှန်း၍မရသောငလျင်ဘေးအန္တရာယ်အား ပြည်သူများနှင့်‌ ကျောင်းသား၊ ကျောင်းသူများသိရှိစေရန်နှင့် ငလျင်‌ဘေးအန္တရာယ်ကြုံတွေ့ပါက မိမိအသက်များအား သေဆုံးမှုလျော့ပါး သက်သာစေရန်ရည်ရွယ်၍ သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ငလျင်သဏ္ဌာန်တူဇာတ်တိုက်လေ့ကျင့်ခြင်း၊ ငလျင်လှုပ်ခတ်ပါက ခိုလှုံရာနေရာသို့ ရွေ့ပြောင်းခြင်း၊ ရှာဖွေကယ်ဆယ်ရေးပစ္စည်းများဖြင့် ဆောင်ရွက်ခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း၊ ရှေးဦးပြုစုခြင်း၊ ဆေးရုံဆေးခန်းသို့ပို့ဆောင်ခြင်း၊ အစားအစာရိက္ခာဝေငှခြင်း၊ ခိုလှုံရာနေရာမှ ပြန်လည်ထွက်ခွာခြင်းလုပ်ငန်းများအား အ.ထ.က (လှည်းကူး) ကျောင်းမှ ကျောင်းသား၊ ကျောင်းသူများနှင့်ပူးပေါင်း၍ လက်တွေ့ဇာတ်တိုက်သရုပ်ပြလေ့ကျင့်ခဲ့ကြပါသည်။ အဆိုပါ အခမ်းအနားသို့ လှည်းကူးခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဌ ဦးကျော်ဝင်းလှိုင် နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင်ရာများတက်ရောက် ကြည့်ရှုပြီး ရန်ကုန်တိုင်းဒေသကြီး ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊လူမှုရေးအသင်းအဖွဲ့များမှ သရုပ်ပြဆောင်ရွက်ပေးသူ (၅၀) ဦးနှင့် အ.ထ.က (လှည်းကူး) မှဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်းလူဦးရေ (၆၀၀) ဦး တို့ကပူး‌ပေါင်းပါဝင်ဆောင်ရွက်ခဲ့ပါသည်။

Source: DDM

နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးနှင့် တာဝန် ရှိသူများသည် အထက‌(၁)မြကြေးမှုံ ယာယီရေဘေးကယ်ဆယ်ရေးစခန်း၊ အထက(၃) ယာယီရေ ဘေးကယ်ဆယ် ရေးစခန်းနှင့် ရွှေယဉ်မျှော် ယာယီရေဘေးကယ်ဆယ်ရေးစခန်းတို့၌ ရေဘေး ထောက်ပံ့မှုသတင်း
အ.ထ.က(၁)မြကြေးမှုံ ယာယီရေဘေးကယ်ဆယ်ရေးစခန်း၊ ရွှေယာဉ်မျှော ယာယီရေဘေး ကယ်ဆယ်ရေးစခန်း၊ အ.ထ.က(၃)ယာယီရေဘေးကယ်ဆယ်ရေးစခန်း နှင့် လေသာကျောင်း ယာယီ ရေဘေးကယ်ဆယ်ရေးစခန်းတို့၌ ရေဘေးထောက်ပံ့မှုသတင်း

MOS

DSW

DDM

DOR