လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပုသိမ်ခရိုင်ဦးစီးမှူးရုံးမှ တာ၀န်ရှိသူများသည် Quick Wing Project အစီအစဥ်အရ ဧရာ၀တီတိုင်းဒေသကြီး လူမှု၀န်ထမ်းဦးစီးဌာန၊ ဧရာ၀တီတိုင်းဒေသကြီးဥပဒေချုပ်ရုံးမှ တာ၀န်ရှိသူများနှင့်ပူးပေါင်း၍ (၂၈.၁၂.၂၀၂၂)ရက်နေ့တွင် အနောက်တောင်တိုင်းစစ်ဌာနချုပ် (ခ.လ.ရ-၃၈)တပ်၀န်းအတွင်းရှိ အခြေခံပညာအထက်တန်းကျောင်း (အ.ထ.က-၇)မှ ကျောင်းသား/သူ(၅၅၀)ဦးခန့်အား ဦးစီးဌာန၏ လုပ်ငန်းတာ၀န်များ၊ ထောက်ပံ့ဆောင်ရွက်နေမှုများ၊ သဘာ၀ဘေးအန္တရာယ်နှင့်ပတ်သက်သော အသိပညာဗဟုသုတများ ဆောင်ရန်/ရှောင်ရန်များအား အသိပညာပေး ဆွေးနွေးဟောပြောခဲ့ပြီး အသိပညာပေးဗီနိုင်းပိုစတာနှင့် လက်ကမ်းစာစောင်ဖြန့်ဝေပေးအပ်ခြင်း များ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်
Source: DDM