ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန သတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ မင်းဘူးခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၈-၈-၂၀၂၁)ရက်နေ့ (၀၉:၃၀) နာရီအချိန်မှ (၁၁:၃၀)နာရီအချိန်ထိ မင်းဘူးခရိုင်၊ မင်းဘူး (စကု)မြို့နယ်၊ ကျောက်စံကျေးရွာအုပ်စု၊ ကျောက်စံကျေးရွာ၊ မယ်ဘေ့ကုန်းကျေးရွာအုပ်စု၊ မယ်ဘေ့ကုန်းကျေးရွာ၊ ကြာကန် ကျေးရွာအုပ်စု၊ ကြာကန်ကျေးရွာနှင့် လက်ပံတောကျေးရွာများသို့ မိုးရာသီတွင်ဖြစ်ပွားတတ်သည့် ရေဘေး အန္တရာယ်နှင့်ပတ်သက်၍ ပြည်သူများကြိုတင်ပြင်ဆင်နိုင်ရန်နှင့် ကြိုတင်ကာကွယ်ရေးလုပ်ငန်း များ ဆောင်ရွက်နိုင်ရန်၊ ဆောင်ရန်၊ ရှောင်ရန်အချက် အလက်များအား အသိပညာပေးခြင်း၊ လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းလုပ်ငန်းများနှင့် Covid 19 အသိပညာပေးလုပ်ငန်းများအား ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများနှင့်အတူ ဆောင်ရွက်ခဲ့ပါသည်။



Source:  DDM

နောက်ဆုံးရသတင်းများ

ကသာမြို့၌ ဧရာဝတီမြစ်ရေကြီးခြင်းနှင့်ပတ်သက်၍ သတိပြုနေထိုင်ရေးနှင့် ကြိုတင်ပြင်ဆင်နိုင်ရေး အသိပညာပေးနှိုးဆော်ခြင်းနှင့် ရေဘေးအသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခြင်း ဆောင်ရွက်မှုသတင်း

MOS

DSW

DDM

DOR