ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန သတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပုသိမ်ခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၂-၆-၂၀၂၄)ရက်​နေ့ (၁၇း၃၀)နာရီအချိန်တွင် ပုသိမ်ခရိုင်၊ ပုသိမ်မြို့၊ အမှတ်(၁၅)ရပ်ကွက်၌ မိုးသည်းထန်စွာရွာသွန်းပြီး ​လေပြင်းတိုက်ခတ်မှု​ကြောင့် ပုသိမ် - မုံရွာလမ်း​ဘေး (ဘုရင်မ ဟာလ၀ါဆိုင်​နောက်ရှိ) ကုက္ကိုလ်ပင်လဲကျမှု​ကြောင့်  တစ်စိတ်တစ်ပိုင်းပျက်စီးသွား​သော ပိုင်ရှင်တစ်ဦးတည်းပိုင် လူ​နေအိမ် (၃) လုံးအတွက် အိမ်​ဆောက်ပစ္စည်းဖိုး​ထောက်ပံ့​ငွေကျပ် (၅၀,၀၀၀ိ/-)၊ ​ဘေးသင့်အိမ်​ထောင်စု (၃)စုမှ ကျား/မလူဦး​ရေ စုစု​ပေါင်း (၆)ဦးအတွက် (၇)ရက်စာ ဆန်ရိက္ခာဖိုး​ထောက်ပံ့​ငွေကျပ် (၁၂,၆၀၀ိ/-)၊ စုစု​ပေါင်း​ထောက်ပံ့​ငွေကျပ် (၆၂,၆၀၀ိ/-)တိတိအား (၁၃-၆-၂၀၂၄)ရက်​နေ့ (၁၇း၃၀)နာရီအချိန်တွင် သက်ဆိုင်ရာတာ၀န်ရှိသူများနှင့်အတူ ​ဘေးသင့်ပြည်သူများ လက်၀ယ်သို့အ​ရောက် ​ထောက်ပံ့​ပေးအပ်ခဲ့ပါ​သည်။ 


Source:  DDM

နောက်ဆုံးရသတင်းများ

ကျိုက်ထိုမြို့၊ ကံ့ကော်ရပ်ကွက်၊ ဆေးရုံလမ်းဆုံနှင့် ကျိုက်ထီးရိုးဘုရားလမ်းခွဲ (Denko ဆီဆိုင်လမ်းဆုံ)၊ ဇေယျာမွန်ရပ်ကွက်၊ တောင်သူစုရပ်ကွက်၊မြောက်ပိုင်းရပ်ကွက်၊ ကော့စံနိုင်ရပ်ကွက်တို့၌ လတ်တလောဖြစ် ပေါ်နေသည့်အားကောင်းသော မုန်တိုင်းငယ်သတိပေးချက်များနှင့်စပ်လျဉ်၍ ဆောင်ရန်/ ရှောင်ရန်များအား လှည့်လည်အသိပေးနှိုးဆော်မှုသတင်း

MOS

DSW

DDM

DOR