ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန သတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊​ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌကြီးနှင့် ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုး၊ ဦးဟန်သူနှင့်အတူ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိခရိုင်၊ ဇေယျာသီရိမြို့နယ်တွင် (၁၁-၉-၂၀၂၄) ရက်နေ့တွင်ဖြစ်ပွားခဲ့သော ရေဘေးကြောင့် ဘေးသင့် လူဦးရေ (၄,၄၈၈) ဦးအတွက် ဆန်ရိက္ခာဖိုး ထောက်ပံ့ငွေ (၉,၄၂၄,၈၀၀/-) အား (၁၈-၉-၂၀၂၄) ရက်နေ့ တွင်လည်းကောင်း၊ သေဆုံးလူဦးရေ (၅) ဦးအတွက်ထောက်ပံ့ငွေ (၁,၈၀၀,၀၀၀/-)အား (၁၉-၉-၂၀၂၄) ရက်နေ့တွင်လည်းကောင်း၊ လုံးဝပျက်စီးနေအိမ် (၁၀၆) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ (၁၀,၆၀၀,၀၀၀/-) စုစုပေါင်းထောက်ပံ့ငွေ (၂၁,၈၂၄,၈၀၀/-)နှင့် (၁၀၇၆၇၈/-) တန်ဖိုးရှိ ကယ်ဆယ်ရေးပစ္စည်း (၁၆)မျိုး  (၁၀၆) အိမ်ထောင်စုစာ(၁၁,၄၁၃,၈၆၈/-)တို့အား (၂၁-၉-၂၀၂၄) ရက်နေ့၊ (၀၈:၃၀) နာရီအချိန်တွင်လည်းကောင်း ဘေးသင့်ပြည်သူများလက်ဝယ်သို့ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါသည်။

Source: DDM

နောက်ဆုံးရသတင်းများ

ကျိုက်ထိုမြို့၊ ကံ့ကော်ရပ်ကွက်၊ ဆေးရုံလမ်းဆုံနှင့် ကျိုက်ထီးရိုးဘုရားလမ်းခွဲ (Denko ဆီဆိုင်လမ်းဆုံ)၊ ဇေယျာမွန်ရပ်ကွက်၊ တောင်သူစုရပ်ကွက်၊မြောက်ပိုင်းရပ်ကွက်၊ ကော့စံနိုင်ရပ်ကွက်တို့၌ လတ်တလောဖြစ် ပေါ်နေသည့်အားကောင်းသော မုန်တိုင်းငယ်သတိပေးချက်များနှင့်စပ်လျဉ်၍ ဆောင်ရန်/ ရှောင်ရန်များအား လှည့်လည်အသိပေးနှိုးဆော်မှုသတင်း

MOS

DSW

DDM

DOR