တောဆင်ရိုင်းဝင်ရောက်မှုကြောင့် ဘေးသင့်နေအိမ်များအတွက် ထောက်ပံ့မှုသတင်း
၁၃ ဇူလိုင် ၂၀၂၂
လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပုသိမ်ခရိုင်ဦးစီးမှူးရုံးမှ တာ၀န်ရှိသူများသည်
ပုသိမ်မြို့နယ်၊ စပါးထားကျေးရွာအုပ်စု၊ ခြေထောက်ကွင်းကျေးရွာတွင် (၈-၇-၂၀၂၂)ရက်နေ့တွင်
ဖြစ်ပွားခဲ့သော တောဆင်ရိုင်းဘေးကြောင့် လုံး၀ ပျက်စီး (၀ါး/ဓနိ) နေအိမ် (၄)လုံးအတွက်
အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံငွေကျပ် (၄၀၀,၀၀ဝ/-)၊ တစ်စိတ်တစ်ပိုင်းပျက်စီးနေအိမ်
(၅)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေကျပ် (၁၅၀,၀၀ဝ/-)၊ ကျား/မ လူဦးရေ
(၄၆)ဦးအတွက် (၇)ရက်စာ ဆန်ရိက္ခာဖိုးထောက်ပံ့ငွေကျပ် (၉၆,၆၀ဝိ/-)၊ စုစုပေါင်းထောက်ပံ့ငွေ
(၆၄၆,၆၀ဝ/-)ကျပ်တိတိအား (၁၃-၇-၂၀၂၂)ရက်နေ့ (၁၂:၁၅)နာရီအချိန်တွင် သက်ဆိုင်ရာ
တာ၀န်ရှိသူများရှေ့မှောက်၌ ဘေးသင့်ပြည်သူ များလက်၀ယ်သို့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း
သတင်းရရှိ ပါသည်။
Source: DDM