မွန်ပြည်နယ်၊ သထုံခရိုင်၊ သထုံမြို့နယ်၊ သရက်တောကျေးရွာတွင် နေထိုင်သောပြည်သူများအား Covid-19 ရောဂါ ကူးစက်ပျံ့နှံ့မှုများမဖြစ်ပွားစေရန်အတွက် သိရှိလိုက်နာဆောင်ရွက်ရမည့်အချက်များ အသိပညာပေး နှိုးဆော်ခြင်းများ ဆောင်ရွက်မှုသတင်း
၂၁ ဒီဇင်ဘာ ၂၀၂၂
လူမှုဝန်ထမ်း၊
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊
သထုံ ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၁-၁၂-၂၀၂၂) ရက်နေ့၊ (၁၀း၀၀) နာရီအချိန်မှ
(၁၁း၃၀) နာရီအချိန်ထိ မွန်ပြည်နယ်၊ သထုံခရိုင်၊ သထုံမြို့နယ်၊ သရက်တောကျေးရွာတွင်
နေထိုင်သောပြည်သူများအား Covid-19 ရောဂါကူးစက် ပျံ့နှံ့မှုများမဖြစ်ပွားစေရန်အတွက်
သိရှိလိုက်နာဆောင်ရွက်ရမည့်အချက်များအား အသံချဲ့စက်ဖြင့် လှည့်လည်အသိပေးနှိုး
ဆော်ခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
Source: DDM