လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လားရှိုးခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည်
(၂၀-၈-၂၀၂၁)ရက်နေ့တွင် ဌာနဆိုင်ရာများ၊ ရပ်ကွက်လူမှုရေးအသင်းအဖွဲ့များနှင့်ပူးပေါင်း၍
လားရှိုးမြို့နေပြည်သူများ COVID-19 ရောဂါကြိုတင်ကာကွယ်နိုင်ရန် အများပြည်သူသွားလာအသုံးပြုသော
လမ်းများ၊ ရပ်ကွက်များသို့ လှည့်လည်၍ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ Stay at
Home မြို့များအတွက် ထုတ်ပြန်ထားသော အသိပညာပေးစာများကို ဖတ်ကြားခဲ့ပြီး သဘာဝဘေးအသိပညာပေး
လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ဘူတာလမ်းမကြီးပေါ်၌ ဆောင်ရွက်ခဲ့ပါသည်။