ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန သတင်း

  • လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လားရှိုးခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများ သည် (၁၉-၂-၂၀၂၂) ရက်နေ့၌ လားရှိုးခရိုင်ဦးစီးမှူးရုံးအနေဖြင့် ခရိုင်လူမှုဝန်ထမ်းဦးစီးဌာန၊ ခရိုင် မီးသတ်ဦးစီး ဌာနတို့ဖြင့်ပူးပေါင်းပြီး လားရှိုးမြို့နေပြည်သူများအား ငလျင်အသိပညာပေးဟောပြောပွဲနှင့် ဇာတ်တိုက်လေ့ကျင့်ခြင်း များကို ခရိုင် မီးသတ်ဦးစီးဌာနတွင် ကျင်းပပြုလုပ်ခဲ့ရာ ခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ သဘာဝဘေးနှင့် ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေး အသိပညာပေး လက်ကမ်းစာစောင်များဝေငှခြင်းနှင့် ငလျင်ဘေးအသိပညာပေး ဟောပြောခြင်းအား လည်းကောင်း၊ ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနမှ  နှစ်သိမ့်ဆွေးနွေးအကြံပေးခြင်းအားလည်းကောင်း၊ ခရိုင်မီးသတ်ဦးစီးဌာနမှ ရှာဖွေ ကယ်ဆယ်ရေး သဏ္ဍာန်တူလေ့ကျင့်ခြင်းများကို  ဆောင်ရွက်ခဲ့ကြောင်း၊ ဆက်လက်၍ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ကိုဗစ်-၁၉နှင့် ဗီဇပြောင်း(အိုမီခရွန်) ကြိုတင်ကာကွယ်ရေးအတွက် အဝတ် Mask များ၊ လက်ဆေးဆပ်ပြာဘူးများနှင့် ဆပ်ပြာခဲတို့ကို မီးသတ်တပ်ဖွဲ့ဝင်များနှင့်​ ပြည်သူများအတွက် ဖြန့်ဝေပေးခဲ့ပါသည်။

Source:  DDM

နောက်ဆုံးရသတင်းများ

ဥတ္တရသီရိမြို့နယ်၊ သရက်တောကျေးရွာအုပ်စု၊ (သရက်တော၊ ပိုးစာတော၊ မသိမ်)ကျေးရွာများတွင် လေပြင်းဘေးဒဏ်ခံနိုင်ရေးအတွက် အားဖြည့်မွမ်းမံပြင်ဆင်နိုင်ရန် လိုအပ်သည့်ထောက်ပံ့ပစ္စည်းများ ပေးအပ်မှုသတင်း
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံ(ဆိပ်ကမ်း)မြို့နယ်၊ ‌ရွှေသံလွင်ဘိုးဘွားရိပ်သာ၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာဟောပြောပွဲနှင့် လမ်းကမ်းစာစောင်ဝေငှမှုသတင်း
ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်ခရိုင်၊ ဗဟန်းမြို့နယ်ရှိ နှင်းဆီကုန်းဘိုးဘွားရိပ်သာ၌ သဘာဝဘေး အန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲနှင့် ငလျင်သဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်ခန်း ပြုလုပ်မှု သတင်း

MOS

DSW

DDM

DOR