ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန သတင်း

  • လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လားရှိုးခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများ သည် (၁၉-၂-၂၀၂၂) ရက်နေ့၌ လားရှိုးခရိုင်ဦးစီးမှူးရုံးအနေဖြင့် ခရိုင်လူမှုဝန်ထမ်းဦးစီးဌာန၊ ခရိုင် မီးသတ်ဦးစီး ဌာနတို့ဖြင့်ပူးပေါင်းပြီး လားရှိုးမြို့နေပြည်သူများအား ငလျင်အသိပညာပေးဟောပြောပွဲနှင့် ဇာတ်တိုက်လေ့ကျင့်ခြင်း များကို ခရိုင် မီးသတ်ဦးစီးဌာနတွင် ကျင်းပပြုလုပ်ခဲ့ရာ ခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ သဘာဝဘေးနှင့် ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေး အသိပညာပေး လက်ကမ်းစာစောင်များဝေငှခြင်းနှင့် ငလျင်ဘေးအသိပညာပေး ဟောပြောခြင်းအား လည်းကောင်း၊ ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနမှ  နှစ်သိမ့်ဆွေးနွေးအကြံပေးခြင်းအားလည်းကောင်း၊ ခရိုင်မီးသတ်ဦးစီးဌာနမှ ရှာဖွေ ကယ်ဆယ်ရေး သဏ္ဍာန်တူလေ့ကျင့်ခြင်းများကို  ဆောင်ရွက်ခဲ့ကြောင်း၊ ဆက်လက်၍ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ကိုဗစ်-၁၉နှင့် ဗီဇပြောင်း(အိုမီခရွန်) ကြိုတင်ကာကွယ်ရေးအတွက် အဝတ် Mask များ၊ လက်ဆေးဆပ်ပြာဘူးများနှင့် ဆပ်ပြာခဲတို့ကို မီးသတ်တပ်ဖွဲ့ဝင်များနှင့်​ ပြည်သူများအတွက် ဖြန့်ဝေပေးခဲ့ပါသည်။

Source:  DDM

နောက်ဆုံးရသတင်းများ

ကသာမြို့၌ ဧရာဝတီမြစ်ရေကြီးခြင်းနှင့်ပတ်သက်၍ သတိပြုနေထိုင်ရေးနှင့် ကြိုတင်ပြင်ဆင်နိုင်ရေး အသိပညာပေးနှိုးဆော်ခြင်းနှင့် ရေဘေးအသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခြင်း ဆောင်ရွက်မှုသတင်း

MOS

DSW

DDM

DOR