လူမှုဝန်ထမ်း၊
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံးမှ
တာဝန်ရှိသူများသည် (၁၀-၃-၂ဝ၂၂) နေ့တွင် စစ်ကိုင်းမြို့၊ ပြည်ထောင်စုတိုင်းရင်သားလူမျိုးများဖွံဖြိုးရေးတက္ကသိုလ်တွင်
ဆရာ/ဆရာမ (၁၂)ဦး၊ ကျောင်းသား/သူ (၁၅၀)ဦး
စုစုပေါင်း(၁၆၂)ဦး တို့အား သဘာဝဘေးအန္တရယ်နှင့်ပတ်သက်၍
ကြိုတင်ကာကွယ်ခြင်းl တုံ့ပြန်ဆောင်ရွက်ခြင်းနှင့်
ပြန်လည်ထူထောင်ခြင်းဆိုင်ရာ အသိပညာပေးဟောပြောဆောင်ရွက်ခဲ့ပြီး ငလျင်သဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်သရုပ်ပြခြင်းအား ဆောက်ရွက်ခဲ့ပါကြောင်း
သတင်းရရှိပါသည်။
Source: DDM