လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၆-၈-၂၀၂၆)ရက်နေ့တွင် ဘားအံ မြို့နယ်ရှိ အမှတ်(၁၊ ၂၊ ၃၊ ၅၊ ၉)ရပ်ကွက်၊ လှာကမြင်ဈေး၊ လှာကမြင်ကွက်သစ်တို့၌ ရေဘေးနှင့် မြေပြိုဘေးအန္တရာယ်ဆိုင်ရာ ဆောင်ရန်/ ရှောင်ရန် အချက်များ လိုက်လံနှိုးဆော်ခဲ့ပြီး ရပ်ကွက်နေပြည်သူများနှင့် ဈေးသူ/သားများအား ရေဘေးနှင့် မြေပြိုဘေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ပါသည်။
Source:DDM

