လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊
ရေဦးမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရေဦးမြို့နယ်၊
ရပ်ကွက်(၄)ရပ်ကွက်အတွင်း (၁၁-၄-၂၀၂၂) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်မှုကြောင့်
ပြိုကျပျက်စီးနေအိမ် (၂) လုံး၊ အမိုးလန်ပျက်စီးနေအိမ် (၁၃) လုံးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ
(၆၉၀,၀၀၀/-)ကျပ်၊ လူဦးရေ (၆၅) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၁၃၆၅၀၀/-)ကျပ်နှင့်
ကယ်ဆယ်ရေးပစ္စည်း (၁၇) မျိုး (၂) အိမ်ထောင်စာတို့အား (၂၇-၄-၂၀၂၂)ရက်နေ့ (၁၇:၀၀)နာရီတွင်
ဘေးသင့်ပြည်သူထံသို့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: DDM