ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန သတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကရင် ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၈-၁၀-၂၀၂၅)ရက်နေ့၊ (၁၀:၀၀)အချိန်မှ (၁၂:၀၀) အချိန်ထိ ဘားအံမြို့၊ အ.ထ.က(ခွဲ) (၃) စာသင်ကျောင်းတွင် ကျောင်းသား/သူ (၁၅၀)တို့အား သဘာဝဘေးအန္တရာယ်နှင့်ပတ်သက်၍ ဆောင်ရန်/ ရှောင်ရန်အချက်များ၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်သည့် အသိပညာပေးဟောပြောဆွေးနွေးခဲ့ပြီး ဘေး(၉)မျိုး အသိပညာပေး လက်ကမ်းစာစောင်များအား ကျောင်းသား/သူများထံ ဝေငှခြင်းအား လည်းကောင်း၊ ကျောင်းဝန်းကျင်အတွင်း ကပ်နှံနိုင်ရေးအတွက်  လေပြင်းဘေးအသိပညာပေး (၄x၅)ပေ ဗီနိုင်းပိုစတာ အားလည်းကောင်း ဖြန့်ဝေပေးခဲ့ပါသည်။


Source:   DDM

နောက်ဆုံးရသတင်းများ

ကျိုက်ထိုမြို့၊ ကံ့ကော်ရပ်ကွက်၊ ဆေးရုံလမ်းဆုံနှင့် ကျိုက်ထီးရိုးဘုရားလမ်းခွဲ (Denko ဆီဆိုင်လမ်းဆုံ)၊ ဇေယျာမွန်ရပ်ကွက်၊ တောင်သူစုရပ်ကွက်၊မြောက်ပိုင်းရပ်ကွက်၊ ကော့စံနိုင်ရပ်ကွက်တို့၌ လတ်တလောဖြစ် ပေါ်နေသည့်အားကောင်းသော မုန်တိုင်းငယ်သတိပေးချက်များနှင့်စပ်လျဉ်၍ ဆောင်ရန်/ ရှောင်ရန်များအား လှည့်လည်အသိပေးနှိုးဆော်မှုသတင်း

MOS

DSW

DDM

DOR