ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့၊ ကျောက်ချောင်းကျေးရွာအုပ်စု၊ ပျဉ်းကိုးပင်ကျေးရွာနှင့် ဂွေးတောက်ကျေးရွာအုပ်စု၊ (မြောက်စမ်း၊ မျှော့ထူ) ကျေးရွာတို့မှ လေဘေးသင့် အိမ်ထောင်စုများအတွက် ထောက်ပံ့မှုသတင်း
၂၇ ဧပြီ ၂၀၂၃
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ရေကြည်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်
ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့၊ ကျောက်ချောင်းကျေးရွာအုပ်စု၊ ပျဉ်းကိုးပင်ကျေးရွာနှင့်
ဂွေးတောက်ကျေးရွာအုပ်စု၊ (မြောက်စမ်း၊ မျှော့ထူ) ကျေးရွာတို့၌ (၂၅-၄-၂၀၂၃)ရက်နေ့တွင်ဖြစ်ပွားခဲ့သော
လေဘေးကြောင့် အမိုးလန်ပျက်စီး နေအိမ် (၇) လုံး၊ တစ်စိတ်တစ်ပိုင်း ပျက်စီးနေအိမ်(၁)လုံး၊
စုစုပေါင်းနေအိမ် (၈)လုံးအတွက် အိမ်ဆောက် ပစ္စည်းဖိုးရန်ပုံငွေ(၁၃၅,၀၀၀/-)၊ အိမ်ထောင်စု(၈)စုမှ
စုစုပေါင်းလူဦးရေ (၂၈)ဦးအတွက် (၇)ရက်စာ ဆန်ရိက္ခာဖိုးရန်ပုံငွေ(၅၈,၈၀၀/-)၊ စုစုပေါင်း
ကယ်ဆယ်ရေးရန်ပုံငွေ (၁၉၃,၈၀၀/-) ကျပ်တို့အား(၂၆-၄-၂၀၂၃) ရက်နေ့ (၁ဝး၅၀)နာရီအချိန်တွင်
ဘေးသင့်ပြည်သူများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ ကြောင်း သတင်းရရှိပါသည်။Source: DDM