ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန သတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ​ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၆-၇-၂၀၂၄) ရက်နေ့မှ (၂၈-၇-၂၀၂၄) ရက်​​နေ့အထိ သထုံမြို့နယ်၊ စျေးမသွယ်အထက်ကျေးရွာ၊ သရက်ညီနောင်ကျေးရွာနှင့် ဒူးရင်းဆိပ်ကျေးရွာတို့တွင် မိုးသည်းထန်စွာရွာသွန်း၍ ဒုံသမိမြစ်ရေမြင့်တက်လာမှုကြောင့် ရန်ကင်း​အောင်ဓမ္မာရုံ၊ ရွာဦးဘုန်းကြီးကျောင်း၊ ရွာလယ်ဓမ္မာရုံနှင့် တပ်ဦးဘုန်းကြီးကျောင်းကယ်ဆယ်ရေးစခန်းတို့ရှိ အိမ်ထောင်စု (၁၅၀) စုတို့မှ စုစုပေါင်း လူဦးရေ (၆၀၉) ဦးတို့အတွက် (၇)ရက်စာ ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၁,၂၇၈,၉၀ဝိ/-) ကျပ်အား (၂၉-၇-၂၀၂၄) ရက်နေ့ (၁၃:၃၀) နာရီအချိန်တွင် သထုံမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ရုံး၌ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါသည်။

Source: DDM

နောက်ဆုံးရသတင်းများ

ကျိုက်ထိုမြို့၊ ကံ့ကော်ရပ်ကွက်၊ ဆေးရုံလမ်းဆုံနှင့် ကျိုက်ထီးရိုးဘုရားလမ်းခွဲ (Denko ဆီဆိုင်လမ်းဆုံ)၊ ဇေယျာမွန်ရပ်ကွက်၊ တောင်သူစုရပ်ကွက်၊မြောက်ပိုင်းရပ်ကွက်၊ ကော့စံနိုင်ရပ်ကွက်တို့၌ လတ်တလောဖြစ် ပေါ်နေသည့်အားကောင်းသော မုန်တိုင်းငယ်သတိပေးချက်များနှင့်စပ်လျဉ်၍ ဆောင်ရန်/ ရှောင်ရန်များအား လှည့်လည်အသိပေးနှိုးဆော်မှုသတင်း

MOS

DSW

DDM

DOR