Covid-19 ကူးစက်ရောဂါနှင့်စပ်လျဉ်းသည့် အသိပညာပေးဆောင်ရွက်မှုသတင်း
၀၉ စက်တင်ဘာ ၂၀၂၁
လှုမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊
ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ဟိုပန်ခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်ပူးပေါင်း၍
(၈-၉-၂၀၂၁) ရက်နေ့၊ ညနေပိုင်းတွင် ဟိုပန်မြို့ရှိ မိန်းပန်း(ရှမ်း)ရပ်ကွက်နှင့် မိန်းပန်း(ဝ)ရပ်ကွက်တို့တွင်
Covid – 19 ရောဂါ တတိယလှိုင်း ကူးစက်ပျံ့နှံ့မှု ပိုမိုမဖြစ်ပွားစေရန်အတွက် ဆောင်ရန်/ရှောင်ရန် အချက်များကို
အသံချဲ့စက်ဖြင့် နှိုးဆော်ခြင်း၊ Covid – 19 ရောဂါ အသိပညာပေးလက်ကမ်းစာစောင်နှင့် တစ်ခါသုံး
Mask များ ဝေငှခြင်း အစီအစဉ်တို့ကို ဆောင်ရွက်ခဲ့ပါသည်။
Source: DDM