ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန သတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တိုင်းဦးစီးမှူးနှင့် တာဝန်ရှိသူများသည် သဘာဝဘေးအန္တရာယ်များ ရင်ဆိုင်နိုင်ရန်ရည်ရွယ်၍ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအခြေခံသင်တန်း အမှတ်စဉ် (၅/၂၀၂၄) ဖွင့်ပွဲအခမ်းအနားကို (၂၈-၅-၂၀၂၄) ရက်နေ့တွင် ဇေယျာသီရိခရိုင်၊ ဇေယျာသီရိမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် နံနက် (၀၉:၀၀)အချိန်တွင် ကျင်းပပြုလုပ်ခဲ့ပြီး (၂၈-၅-၂၀၂၄) ရက်နေ့မှ (၃၀-၅-၂၀၂၄) ရက်နေ့အထိ (၃) ရက်တာ ဖွင့်လှစ်သင်ကြားပို့ချသွားမည်ဖြစ်ပါသည်။ အဆိုပါအခမ်းအနားသို့ မြို့နယ်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ဝင်များ၊ သင်တန်းနည်းပြများ၊ သင်တန်းသား/သူများ၊ စုစုပေါင်း (၈၀) ဦးခန့်တက်ရောက်ခဲ့ပါသည်။

Source: DDM

နောက်ဆုံးရသတင်းများ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိခရိုင်၊ ဇေယျာသီရိမြို့နယ်၊ စည်ပင်ကြီးကျေးရွာအုပ်စု၊ စည်ပင်ကြီးကျေးရွာ၌ ဖြစ်ပွားသော ရေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်၊ မင်္ဂလာရပ်ကွက်၊ လူသန့်အင်းလမ်းအတွင်း တောဆင်ရိုင်းဝင်ရောက် ဖျက်ဆီးမှုကြောင့် ဘေးသင့်အိမ်ထောင်စုများအတွက် ထောက်ပံ့မှုသတင်း

MOS

DSW

DDM

DOR