ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန သတင်း

တောင်တရုတ်ပင်လယ်ပြင်အတွင်း ဖြစ်ပေါ်ခဲ့သည့် တိုင်ဖွန်းမုန်တိုင်း “ရာဂိ” ၏ အရှိန်ကြောင့် မြန်မာနိုင်ငံအရှေ့ပိုင်းဒေသများ၌ မိုးသည်းထန်စွာ ရွာသွန်းခဲ့ပြီး မြစ်ငယ်ချောင်းငယ်များတွင် ရေများမြင့်တက်လာကာ လူနေရပ်ကွက်များအတွင်း ရေဝင်ရောက်မှုများ ဖြစ်ပေါ်ခဲ့ပါသည်။ ရေဝင် ရောက်မှုများကြောင့် ရေဘေးသင့်ပြည်သူများအား ယာယီခိုလှုံရာနေရာများသို့ ရွှေ့ပြောင်းပေးခြင်းနှင့် စားနပ်ရိက္ခာများထောက်ပံ့ခြင်း၊ လတ်တလော သက်သာချောင်ချိရေးအတွက် ကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံ့ခြင်းများကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနက ဆောင်ရွက်ပေးလျက်ရှိပါသည်။

(၁၁-၉-၂၀၂၄) ရက်နေ့မှစ၍ မိုးသည်းထန်စွာ ရွာသွန်းခဲ့ခြင်းကြောင့် (၁၂-၉-၂၀၂၄) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီတွင် ရရှိသောအချက်အလက်များအရ ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ ရှမ်း ပြည်နယ်၊ ကယားပြည်နယ်နှင့် ပဲခူးတိုင်းဒေသကြီးတို့ရှိ မြို့နယ်စုစုပေါင်း (၁၈) မြို့နယ်တို့တွင် အိမ်ထောင်စု (၂၅,၀၀၀) ခန့်နှင့် ဘေးသင့်လူဦးရေ (၈၀,၀၀၀) ကျော် ရေဘေးသင့်ခဲ့ကြပြီး ရေဘေး ရှောင်စခန်း (၅၀) ကျော် ဖွင့်လှစ်၍ ကယ်ဆယ်ထောက်ပံ့ရေးလုပ်ငန်းများ ဆောင်ရွက်လျက် ရှိပါသည်။

နောက်ဆုံးရသတင်းများ

ကျိုက်ထိုမြို့၊ ကံ့ကော်ရပ်ကွက်၊ ဆေးရုံလမ်းဆုံနှင့် ကျိုက်ထီးရိုးဘုရားလမ်းခွဲ (Denko ဆီဆိုင်လမ်းဆုံ)၊ ဇေယျာမွန်ရပ်ကွက်၊ တောင်သူစုရပ်ကွက်၊မြောက်ပိုင်းရပ်ကွက်၊ ကော့စံနိုင်ရပ်ကွက်တို့၌ လတ်တလောဖြစ် ပေါ်နေသည့်အားကောင်းသော မုန်တိုင်းငယ်သတိပေးချက်များနှင့်စပ်လျဉ်၍ ဆောင်ရန်/ ရှောင်ရန်များအား လှည့်လည်အသိပေးနှိုးဆော်မှုသတင်း

MOS

DSW

DDM

DOR