လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်
ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ချောင်းဆုံမြို့နယ်ဦးစီးမှူးရုံးမှ
တာဝန်ရှိသူများသည် (၆-၁၀-၂၀၂၁)ရက်နေ့၊ (၀၉:၃၀)အချိန်မှ(၁၂:၀၀)အချိန်ထိ
ချောင်းဆုံမြို့နယ်၊ ကညှော်ကျေးရွာနှင့် ကော့မုပွန်ကျေးရွာအတွင်းရှိ ပြည်သူများအား
COVID-19 ရောဂါကူးစက်ပြန့်ပွားမှုများ လျော့နည်းပပျောက်နိုင်စေရန် ကျန်းမာရေးနှင့်
အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့် ရာသီအလိုက် ဖြစ်ပွားတတ်သော သဘာဝဘေးအန္တရာယ်ဆိုင်ရာ
ဆောင်ရန်/ရှောင်ရန်အချက်များကို အသိပညာပေးဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: DDM