လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ
ခန့်ခွဲမှုဦးစီးဌာန၊ မုဒုံမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သက်ဆိုင်ရာဌာနများ၊
ရပ်ကွက်အုပ်ချုပ် ရေးမှူးများနှင့်ပူးပေါင်း၍ မုဒုံမြို့နယ်၊ မြို့မ(၃)ရပ်ကွက်တွင်
(၃၁-၃-၂၀၂၃)ရက်နေ့၊ နံနက်(၁၀းဝဝ)နာရီမှ (၁၁း၃၀)နာရီအထိ ငလျင်ဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး
အသိပညာပေးလုပ်ငန်းများအား ပြည်သူ များသိရှိစေရန် အသံချဲ့စက်များဖြင့် လိုက်လံအသိပေးကြေညာခဲ့ပါသည်။
Source: DDM