ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန သတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လှိုင်းဘွဲ့မြို့နယ်ဦးစီးမှုးရုံးမှ တာဝန်ရှိသူများသည် လှိုင်းဘွဲမြို့နယ်၊ ရွှေဂွန်းကျေးရွာအုပ်စု၌ (၁၇-၉-၂၀၂၄)ရက်နေ့တွင် သံလွင်မြစ်ရေမြင့်တက်လာပြီး ကမ်းပြိုကျမှုကြောင့် လူနေအိမ်(၇)လုံး ရေစီးတွင် မျောပါပျက်စီးသွားခဲ့ပြီး လူနေအိမ်(၁)လုံး ပြိုကျပျက်စီးခဲ့၍ အိမ်ထောင်စု(၈)စုမှ လူဦးရေ(၅၇)ဦး ဘေးသင့်ခဲ့ပါသဖြင့် လုံးဝပျက်စီးခဲ့သည့် လူနေအိမ်(၈)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ(၁,၀၀၀,၀၀ဝ/-)၊ လူဦးရေ(၅၇)ဦးအတွက် (၇)ရက်စာဆန်ရိက္ခာဖိုးငွေ (၁၁၉,၇၀ဝ/-)၊ စုစုပေါင်း(၁,၁၁၉,၇၀ဝ/-)၊ ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုး၊ အိမ်ထောင်စု(၈)စုစာအား (၂၀-၉-၂၀၂၄)ရက်နေ့တွင် ထောက်ပံ့ပေးအပ်ခဲ့ပါသည်။

Source: DDM

နောက်ဆုံးရသတင်းများ

ကျိုက်ထိုမြို့၊ ကံ့ကော်ရပ်ကွက်၊ ဆေးရုံလမ်းဆုံနှင့် ကျိုက်ထီးရိုးဘုရားလမ်းခွဲ (Denko ဆီဆိုင်လမ်းဆုံ)၊ ဇေယျာမွန်ရပ်ကွက်၊ တောင်သူစုရပ်ကွက်၊မြောက်ပိုင်းရပ်ကွက်၊ ကော့စံနိုင်ရပ်ကွက်တို့၌ လတ်တလောဖြစ် ပေါ်နေသည့်အားကောင်းသော မုန်တိုင်းငယ်သတိပေးချက်များနှင့်စပ်လျဉ်၍ ဆောင်ရန်/ ရှောင်ရန်များအား လှည့်လည်အသိပေးနှိုးဆော်မှုသတင်း

MOS

DSW

DDM

DOR