ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန သတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တောင်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်  (၅-၅-၂၀၂၄) ရက်နေ့၊ (၁၅:၁၀) နာရီအချိန်ခန့်၌ တွံ့တေးခရိုင်၊ ကော့မှူးမြို့နယ်၊ သခွတ်ပင်ကျေးရွာအုပ်စု၊ သခွတ်ပင်ကျေးရွာတွင်  မသော်တာဇင်၊ (၂၅)နှစ်၊(ဘ) ဦးအောင်ဇော်မိုး၊ ရေလုပ်ငန်းလုပ်ကိုင်သူသည် ၎င်း၏ နေအိမ်မြောက်ဘက် ပေ(၁၀၀)ခန့်အကွာရှိ သမှဲ့ပင်အောက်တွင် ငါးဖမ်းပိုက်အားဖာနေစဉ် မိုးကြိုးထိမှန်၍ သေဆုံးခဲ့ပါသဖြင့် အဆိုပါမိုးကြိုးပစ်သေဆုံးခဲ့သူအတွက် ထောက်ပံ့ငွေ (၃၀၀၀၀ဝိ/-)အား (၇-၅-၂၀၂၄) ရက်နေ့၊ နေ့လည်(၁၁း၅၀) နာရီအချိန်တွင် သေဆုံးသူ၏ မိသားစုများလက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါသည်။

Source: DDM


နောက်ဆုံးရသတင်းများ

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်၊ လေးအိမ်တန်းကျေးရွာအုပ်စု၊ လေးအိမ်တန်း ကျေးရွာနှင့် မြင်းကချောင်းကျေးရွာ၌ လေပြင်းဘေးထောက်ပံ့ပြီးစီးမှု သတင်း
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်၊ ဘုရားကြီးကုန်းကျေးရွာအုပ်စု၊ ဆင်ဆိပ်ကျေးရွာ၌ လေပြင်းဘေးကြိုတင် ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်မှုသတင်း
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်၊ ဘုရားကြီးကုန်းကျေးရွာအုပ်စု၊ ပင်တောကျေးရွာ၌ လေပြင်းဘေးကြိုတင် ကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်မှုသတင်း

MOS

DSW

DDM

DOR