ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန သတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရွှေဘိုခရိုင်၊ ရွှေဘိုမြို့နယ်၊ ကျောက်မြောင်းမြို့၊ အမှတ် (၂၊ ၃၊ ၄) ရပ်ကွက်တို့တွင် (၁၉-၅-၂၀၂၁) ရက်နေ့ (၀၀:၀၅) နာရီအချိန်တွင် လေပြင်းတိုက်ခတ်မှုကြောင့် အမိုးလန် ပျက်စီးခဲ့သည့် အိမ်ခြေ (၃)လုံး၊ ဘုန်းတော်ကြီးကျောင်း(၁)ကျောင်းတို့အတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၃၁,၅၀၀)ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၁၀,၀၀၀)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၁၄၁,၅၀၀)ကျပ်တို့ကို (၂၀-၅-၂၀၂၁)ရက်နေ့ (၀၉:၀၀)အချိန်တွင် ကျောက်မြောင်းမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများထံသို့ လက်ဝယ်အရောက်သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါသည်။

 Source: DDM

နောက်ဆုံးရသတင်းများ

ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်ခရိုင်၊ ဗဟန်းမြို့နယ်ရှိ နှင်းဆီကုန်းဘိုးဘွားရိပ်သာ၌ သဘာဝဘေး အန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲနှင့် ငလျင်သဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်ခန်း ပြုလုပ်မှု သတင်း
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊‌ မင်းကုန်းကျေးရွာအုပ်စု၊‌ ဆည်ကန် (အနောက်)ကျေးရွာ၌ လေပြင်းဘေးအတွက် ကြိုတင်ပြင်ဆင်နိုင်ရေးနှင့်စပ်လျဉ်း၍ လိုအပ်သည်များ ထောက်ပံ့မှုသတင်း

MOS

DSW

DDM

DOR