ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန သတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများနှင့် ဝါးခယ်မမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်  မြောင်းမြခရိုင်၊ ​ဝါးခယ်မမြို့နယ်၊ ကျုံမငေးမြို့၊ နဒီအောင်မြေရပ်ကွက်တွင်  (၁၄-၃-၂၀၂၃)ရက်နေ့၌ ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်မှုကြောင့် တစ်စိတ် တစ်ပိုင်း ပျက်စီးနေအိမ် (၁)လုံး၊ လူဦးရေ (၃)ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၆,၃၀၀/-)ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၅၀,၀၀၀/-) ကျပ်တို့အား(၁၄-၃-၂၀၂၃)ရက်နေ့၊ (၁၄:၄၅)နာရီ အချိန်တွင် ဝါးခယ်မမြို့နယ်၊  အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနတွင် ဘေးသင့်ပြည်သူများထံ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

 

Source: DDM

နောက်ဆုံးရသတင်းများ

ကျိုက်ထိုမြို့၊ ကံ့ကော်ရပ်ကွက်၊ ဆေးရုံလမ်းဆုံနှင့် ကျိုက်ထီးရိုးဘုရားလမ်းခွဲ (Denko ဆီဆိုင်လမ်းဆုံ)၊ ဇေယျာမွန်ရပ်ကွက်၊ တောင်သူစုရပ်ကွက်၊မြောက်ပိုင်းရပ်ကွက်၊ ကော့စံနိုင်ရပ်ကွက်တို့၌ လတ်တလောဖြစ် ပေါ်နေသည့်အားကောင်းသော မုန်တိုင်းငယ်သတိပေးချက်များနှင့်စပ်လျဉ်၍ ဆောင်ရန်/ ရှောင်ရန်များအား လှည့်လည်အသိပေးနှိုးဆော်မှုသတင်း

MOS

DSW

DDM

DOR