ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန သတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ကျိိုင်းတုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၉-၉-၂၀၂၁) ရက်နေ့တွင် ကျိုင်းတုံမြို့နယ်၊ ယန်းကျိန်ကျေးရွာအုပ်စု၊ ယန်းကျိန်ကျေးရွာ၊ တင်ထပ်ကျေးရွာ၊ ဝမ်ပေါက်ကျေးရွာ၊ ဝမ်ဆာကျေးရွာ၊ နောင်ပန်းကျေးရွာနှင့် ဝမ်ပမ်ကျေးရွာတို့တွင် Covid – 19 ရောဂါတတိယလှိုင်း ကူးစက်ပျံ့နှံ့မှုပိုမိုမဖြစ်ပွားစေရန်အတွက် ဆောင်ရန်/ ရှောင်ရန်အချက်များကို အသံချဲ့စက်ဖြင့် နှိုးဆော်ခြင်း၊ Covid – 19 ရောဂါ အသိပညာပေးလက်ကမ်းစာစောင်နှင့် တစ်ခါသုံး Mask များ ဝေငှခြင်း အစီအစဉ်တို့ကိုဆောင်ရွက်ခဲ့ပါသည်။

Source: DDM

နောက်ဆုံးရသတင်းများ

ကသာမြို့၌ ဧရာဝတီမြစ်ရေကြီးခြင်းနှင့်ပတ်သက်၍ သတိပြုနေထိုင်ရေးနှင့် ကြိုတင်ပြင်ဆင်နိုင်ရေး အသိပညာပေးနှိုးဆော်ခြင်းနှင့် ရေဘေးအသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခြင်း ဆောင်ရွက်မှုသတင်း

MOS

DSW

DDM

DOR