ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန သတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဘားအံခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် လူမှုဝန်ထမ်းဦးစီးဌာနတို့နှင့် ပူးပေါင်း၍ (၁၉-၆-၂၀၂၄) ရက်နေ့၊ (၁၀:၀၀) အချိန်မှ (၁၂:၀၀) အချိန်ထိ ဘားအံမြို့၊ အ.ထ.က (၃) ကျောင်း၌ ကျောင်းသား/သူ စုစုပေါင်း (၁၉၄) ဦးတို့အား ဘားအံခရိုင်ဦးစီးမှူးရုံးမှ  သဘာဝ ဘေးအန္တရာယ်နှင့်ပတ်သက်၍ ဆောင်ရန်/ရှောင်ရန်အချက်များ၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာကိစ္စရပ်များ၊ တောမီး အန္တရာယ်နှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်သည့် အသိပညာပေးဟောပြောမှုများအားလည်းကောင်း၊ လူမှုဝန်ထမ်း ဦးစီးဌာနမှ အမျိုးသမီးများနှင့် အရေးပေါ်အခြေအနေများဆိုင်ရာကိစ္စရပ်များအားလည်းကောင်း၊ ဟောပြောဆွေးနွေးခဲ့ပြီး ကျောင်းဝန်းအတွင်း ဗီနိုင်းပိုစတာကပ်နှံနိုင်ရေးအတွက်  မုန်တိုင်းဘေးအသိပညာပေး ဗီနိုင်းပိုစတာပေးအပ်ခဲ့ပါသည်။


Source: DDM

 

နောက်ဆုံးရသတင်းများ

ကသာမြို့၌ ဧရာဝတီမြစ်ရေကြီးခြင်းနှင့်ပတ်သက်၍ သတိပြုနေထိုင်ရေးနှင့် ကြိုတင်ပြင်ဆင်နိုင်ရေး အသိပညာပေးနှိုးဆော်ခြင်းနှင့် ရေဘေးအသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခြင်း ဆောင်ရွက်မှုသတင်း

MOS

DSW

DDM

DOR