ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန သတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တနင်္သာရီမြို့နယ်ဦးစီး မှူးရုံးမှ တာဝန်ရှိသူများသည် တနင်္သာရီမြို့နယ်အတွင်း မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် မြစ်ရေမြင့်တက်လာပြီးကျောက်တလုံးကျေးရွာ အုပ်စု၊ မြေမအုံကျေးရွာ၌ ပြောင်းရွှေ့ရသည့် အိမ်ထောင်စု (၁၈)စု၊ လူဦးရေ (၉၁)ဦးအတွက် ဆန်ဖိုး (၇)ရက်စာ ထောက်ပံ့ငွေ (၁၉၁၁၀၀/-) ကျပ်၊ ဆင်ခြေဖုန်းကျေးရွာအုပ်စု၊ ဘန်းသဲကျေးရွာအိမ်ထောင်စု (၂၂)စု လူဦးရေ (၁၁၆)ဦး ဆန်ဖိုး (၇)ရက်စာ ထောက်ပံ့ငွေ (၂၄၃၆၀၀/-)ကျပ်၊ ချောင်းငယ်ရပ်ကွက်အိမ်ထောင်စု (၃)စု လူဦးရေ (၁၃)ဦးအတွက် ဆန်ဖိုး (၇)ရက်စာ ထောက်ပံ့ငွေ (၂၇၃၀၀)ကျပ် စုစုပေါင်း (၂၂ဝ)ဦးအတွက် ဆန်ဖိုး(၇)ရက်စာထောက်ပံ့ငွေ (၄၆၂၀၀၀/-)ကျပ်အား (၈.၈.၂၀၂၃)ရက် နေ့(၁၁း၃ဝ)အချိန်တွင် ထောက်ပံ့ပေးခဲ့ပါသည်။


Source:  DDM

နောက်ဆုံးရသတင်းများ

ကသာမြို့၌ ဧရာဝတီမြစ်ရေကြီးခြင်းနှင့်ပတ်သက်၍ သတိပြုနေထိုင်ရေးနှင့် ကြိုတင်ပြင်ဆင်နိုင်ရေး အသိပညာပေးနှိုးဆော်ခြင်းနှင့် ရေဘေးအသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခြင်း ဆောင်ရွက်မှုသတင်း

MOS

DSW

DDM

DOR