အသိပညာပေးဆောင်ရွက်မှုသတင်း
၂၀ ဇူလိုင် ၂၀၂၁
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊
ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်
(၁၆-၇-၂၀၂၁)ရက်နေ့တွင် အဖွဲ့(၂)ဖွဲ့ခွဲ၍ ဆောင်ရွက်ခဲ့ရာ တောင်ကြီးမြို့နယ်၊ အေးသာယာဈေး၊ တောင်နီဈေး၊ညောင်ရွှေမြို့နယ်၊ ညောင်ရွှေဈေး၊
မင်္ဂလာဈေး၊ ရပ်စောက်မြို့နယ် ပင်ဖြစ်ဈေး၊
ပင်ဖြစ်ကျေးရွာ၊ ဆပ်သေကျေးရွာ၊ ရောင်ခြည်ဦးကျေးရွာ တို့တွင်
လည်းကောင်း၊ (၁၈-၇-၂၀၂၁)ရက်နေ့တွင် ညောင်ရွှေမြို့နယ်၊ သာယာကုန်းကျေးရွာ၊ ထီတုန်းတန်ကျေးရွာ၊ ရေတွင်းကြီးကျေးရွာ၊ ရပ်စောက်မြို့နယ်၊
မြို့ဦး(၁)ကျေးရွာ၊ ထီးခမ်း ကျေးရွာ၊ ဖိုကုန်းကျေးရွာတို့တွင် လည်းကောင်း၊ (၂၀-၇-၂၀၂၁)ရက်နေ့တွင်
ညောင်ရွှေမြို့နယ်၊ကျောက်ရေအိုးကျေး ရွာ၊ သဲကျင်းကျေးရွာနှင့် စိုက်ပျိုးရေးကျေးရွာ၊ ရပ်စောက်မြို့နယ် ၊ရေဖြူကျေးရွာ၊ အုတ်ကျင်း ကျေးရွာ နှင့်ရပ်စောက်မြို့မဈေးတို့တွင်လည်းကောင်း Covid – 19 ရောဂါ တတိယလှိုင်း ကူးစက်ပျံ့နှံ့မှု ပိုမိုမဖြစ်ပွားစေရန်အတွက် ဆောင်ရန်/ရှောင်ရန်အချက်များကို အသံချဲ့စက်ဖြင့် နှိုးဆော်ခြင်း၊ Covid - 19ရောဂါ
အသိပညာပေးလက်ကမ်းစာစောင်နှင့် တစ်ခါသုံး Mask ဝေငှခြင်း
အစီအစဉ်တို့ကို ဆောင်ရွက်ခဲ့ပါကြောင်းသတင်းရရှိပါသည်။
Source:
DDM