ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန သတင်း


လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ရန်ကုန်တောင်ပိုင်းခရိုင်ဦးစီးမှူးရုံး(သန်လျင်)မှ တာဝန်ရှိသူများသည် သန်လျင်ခရိုင်၊ ခရမ်းမြို့နယ်၊ အမှတ်(၃)ရပ်ကွက်၊ ဘုရားလမ်း၌ (၅-၁-၂၀၂၃) ရက်နေ့၊ နံနက် (၀၁း၂၅) နာရီအချိန်တွင် မီးလောင်မှုဖြစ်ပွားခဲ့ပါသဖြင့် သွပ်မိုး၊ သွပ်ကာ၊ ကွန်ကရစ်ခင်း၊ မြေစိုက် (၁၀×၂၅)ပေ အရောင်း‌ဆိုင် (၁)လုံး၊ သွပ်မိုး၊ ပျဥ်ကာ၊ ပျဥ်ခင်း (၁၅×၄၀)‌ ပေ (၁) ထပ်လူနေအိမ် (၁) လုံး ပျက်စီးဆုံးရှုံးခဲ့ပြီး အိမ်ထောင်စု (၁)စု၊ လူဦးရေ (၇)ဦးတို့ မီးဘေးသင့်ခဲ့ပါသဖြင့် အဆိုပါမီးဘေးသင့်ပြည်သူများအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၂၀၀၀၀၀ိ/) ကျပ်၊ ဆန်ရိက္ခာဖိုး (၁၄၇၀၀ိ/)ကျပ်၊ စုစုပေါင်း (၂၁၄၇၀၀ိ/) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၇)မျိုးတို့အား (၆-၁-၂၀၂၃)ရက်နေ့၊ ‌‌(၁၂း၀၀)နာရီအချိန်တွင် ဘေးသင့် ပြည်သူများ၏ လက်ဝယ်အရောက် သွားရောက်ထောက်ပံ့ ပေးခဲ့ပါသည်။ 

Source: DDM

နောက်ဆုံးရသတင်းများ

ကျိုက်ထိုမြို့၊ ကံ့ကော်ရပ်ကွက်၊ ဆေးရုံလမ်းဆုံနှင့် ကျိုက်ထီးရိုးဘုရားလမ်းခွဲ (Denko ဆီဆိုင်လမ်းဆုံ)၊ ဇေယျာမွန်ရပ်ကွက်၊ တောင်သူစုရပ်ကွက်၊မြောက်ပိုင်းရပ်ကွက်၊ ကော့စံနိုင်ရပ်ကွက်တို့၌ လတ်တလောဖြစ် ပေါ်နေသည့်အားကောင်းသော မုန်တိုင်းငယ်သတိပေးချက်များနှင့်စပ်လျဉ်၍ ဆောင်ရန်/ ရှောင်ရန်များအား လှည့်လည်အသိပေးနှိုးဆော်မှုသတင်း

MOS

DSW

DDM

DOR