ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန သတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ အင်္ဂပူမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် အင်္ဂပူမြို့၊​​​ နောက်မီးကျေးရွာအုပ်စု၊ တကယ်သူလေးကျေးရွာ၌ (၇-၃-၂၀၂၂) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် မီးဘေးသင့်အိမ်ခြေ (ဝါး-၂)လုံး၊ အိမ်ထောင်စု (၂)စုရှိ လူဦးရေ (၆) ဦးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၂၀၀,၀၀ဝ/-)၊ ဆန်ရိက္ခာဖိုးငွေ (၁၂,၆၀ဝ/-) စုစုပေါင်း ထောက်ပံ့ငွေ (၂၁၂,၆၀ဝ/-) ကျပ်နှင့်  ကယ်ဆယ်ရေးပစ္စည်း (၁၇)မျိုး (၂)အိမ်ထောင်စာတို့အား(၁၁-၃-၂၀၂၂) ရက် နေ့တွင်‌ တာဝန်ရှိသူများနှင့်အတူ ဘေးဖြစ်ပွားရာဒေသသို့ သွားရောက်၍ ဘေးသင့်ပြည်သူများလက်၀ယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။


Source:           DDM

နောက်ဆုံးရသတင်းများ

ကသာမြို့၌ ဧရာဝတီမြစ်ရေကြီးခြင်းနှင့်ပတ်သက်၍ သတိပြုနေထိုင်ရေးနှင့် ကြိုတင်ပြင်ဆင်နိုင်ရေး အသိပညာပေးနှိုးဆော်ခြင်းနှင့် ရေဘေးအသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခြင်း ဆောင်ရွက်မှုသတင်း

MOS

DSW

DDM

DOR