ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန သတင်း


ဟင်္သာတမြို့နယ်အတွင်း (၉-၅-၂၀၂၁) ရက်နေ့၌ ဖြစ်ပွားခဲ့သော လေဘေးကြောင့် ဘေးချောင်ကျေးရွာအုပ်စု၊ ဘုရားကြီးကုန်းကျေးရွာတွင် ပြိုကျပျက်စီးအိမ်ခြေ (၂) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၂၀၀၀၀၀/-)ကျပ်၊ တစ်စိတ်တစ်ပိုင်းပျက်စီးအိမ်ခြေ(၄) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၁၂၀၀၀၀/-)ကျပ်၊ လူဦးရေစုစုပေါင်း(၂၇)ဦးတို့အတွက် ဆန်ရိက္ခာဖိုး (၅၆၇၀၀/-)ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ (၃၇၆၇၀၀/-)ကျပ်နှင့် အိမ်ထောင်စု(၂)စုအတွက် ပစ္စည်းတန်ဖိုး (၉၈၀၇၂/-)ကျပ် ရှိသော ကယ်ဆယ်ရေးပစ္စည်း (၁၇) မျိုးစီတို့အား (၁၇-၅-၂၀၂၁) ရက်နေ့တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဟင်္သာတမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ရုံး၌ တာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများလက်ဝယ်အရောက် ထောက်ပံ့ပေးခဲ့ပါသည်။

Source: DDM

နောက်ဆုံးရသတင်းများ

ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်ခရိုင်၊ ဗဟန်းမြို့နယ်ရှိ နှင်းဆီကုန်းဘိုးဘွားရိပ်သာ၌ သဘာဝဘေး အန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲနှင့် ငလျင်သဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်ခန်း ပြုလုပ်မှု သတင်း
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊‌ မင်းကုန်းကျေးရွာအုပ်စု၊‌ ဆည်ကန် (အနောက်)ကျေးရွာ၌ လေပြင်းဘေးအတွက် ကြိုတင်ပြင်ဆင်နိုင်ရေးနှင့်စပ်လျဉ်း၍ လိုအပ်သည်များ ထောက်ပံ့မှုသတင်း

MOS

DSW

DDM

DOR