မွန်ပြည်နယ်၊ သထုံခရိုင်၊ ပေါင်မြို့နယ်၊ ကဒါရပ်ကွက်၊ ထန်းပင်ချောင်ကြီးလမ်း၊ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီး ဌာနတွင် ပေါင်မြို့နယ်ဦးစီးမှူးရုံးသစ်ဖွင့်လှစ်ထားမှုသတင်း
၀၅ ဇန်နဝါရီ ၂၀၂၃
လူမှုဝန်ထမ်း၊
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊
သထုံခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၅-၁-၂၀၂၃) ရက်နေ့၊ (၀၉း၄၅)နာရီအချိန်မှ
(၁၀း၃၅)နာရီအချိန်အထိ မွန်ပြည်နယ်၊ သထုံခရိုင်၊ ပေါင်မြို့နယ်၊ ကဒါရပ်ကွက်၊ ထန်းပင်ချောင်ကြီးလမ်း၊
ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနရှိ အခန်းလွတ် (၁)
ခန်းတွင် ပေါင်မြို့နယ်ဦးစီးမှူးရုံးသစ်အား မွန်ပြည်နယ်ဦးစီးမှူးရုံးမှ
တာဝန်ရှိသူများ၊သထုံခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊
မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု အဖွဲ့ဝင်စုစုပေါင်း (၄၅)
ဦးနှင့်အတူ ဖွင့်လှစ်ခဲ့ပါသည်။
Source: DDM