ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန သတင်း

လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူ များသည် (၂၁-၇-၂၀၂၂)ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် မအူပင်မြို့နယ်၊ အလန်းကြီးကျေးရွာအုပ်စု၊ အလန်းကြီးကျေးရွာ၌ အမိုးလန်ပျက်စီးခဲ့သည့် နေအိမ်(၂)လုံး၊ အိမ်ထောင်စု (၂)စုမှ လူဦးရေ(၉)ဦးအတွက် (၇)ရက်စာ ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ(၁၈,၉၀ဝိ/-) နှင့် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၆၀,၀၀ဝိ/-)၊ ကယ်ဆယ်ရေးထောက်ပံ့ရန်ပုံငွေ စုစုပေါင်း(၇၈,၉၀ဝိ/-)အားလည်းကောင်း၊ ထနီးကျေးရွာအုပ်စု၊ ထနီးရွာကြီးပိုင်းကျေးရွာ၌ (၂၁-၇-၂၀၂၂)ရက်နေ့တွင် ဖြစ်ပွားခဲ့သောကမ်းပြိုဘေးကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ခဲ့ ရသည့်နေအိမ်(၃)လုံး၊ အိမ်ထောင်စု(၃)စုမှ လူဦးရေ(၉)ဦးအတွက် (၇)ရက်စာ ဆန်ရိက္ခာဖိုး ထောက်ပံ့ငွေ(၁၈,၉၀ဝိ/-)နှင့် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၃၀၀,၀၀ဝိ/-)၊ ကယ်ဆယ်ရေး ထောက်ပံ့ရန်ပုံငွေစုစုပေါင်း(၃၁၈,၉၀ဝိ/-)အားလည်းကောင်း (၂၂-၇-၂၀၂၂)ရက်နေ့တွင် သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများထံသို့ ကွင်းဆင်းထောက်ပံ့ခဲ့ ပါသည်။

          အလားတူ ပန်းတနော်မြို့နယ်၊ ကျုံတိုင်းကလေး​ကျေးရွာအုပ်စု၊ ကျုံတိုင်းကလေး​ကျေးရွာ၌ (၂၁-၇-၂၀၂၂)ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ပြိုကျပျက်စီးခဲ့သည့် နေအိမ်(၁)လုံး၊ အိမ်ထောင်စု(၁)စုမှ လူဦးရေ(၄)ဦးအတွက် (၇)ရက်စာ ဆန်ရိက္ခာဖိုး ထောက်ပံ့ငွေ(၈,၄၀ဝိ/-)နှင့် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၁၀၀,၀၀ဝိ/-)၊ ကယ်ဆယ်ရေး ထောက်ပံ့ရန်ပုံငွေစုစုပေါင်း(၁၀၈,၄၀ဝိ/-)နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၇)မျိုးပါ ပလတ်စတစ် လေးထောင့်ပုံး(၁)ပုံးအား (၂၂-၇-၂၀၂၂) ရက်နေ့တွင် သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများထံသို့ ကွင်းဆင်းထောက်ပံ့ခဲ့ပါသည်။

နောက်ဆုံးရသတင်းများ

ကျိုက်ထိုမြို့၊ ကံ့ကော်ရပ်ကွက်၊ ဆေးရုံလမ်းဆုံနှင့် ကျိုက်ထီးရိုးဘုရားလမ်းခွဲ (Denko ဆီဆိုင်လမ်းဆုံ)၊ ဇေယျာမွန်ရပ်ကွက်၊ တောင်သူစုရပ်ကွက်၊မြောက်ပိုင်းရပ်ကွက်၊ ကော့စံနိုင်ရပ်ကွက်တို့၌ လတ်တလောဖြစ် ပေါ်နေသည့်အားကောင်းသော မုန်တိုင်းငယ်သတိပေးချက်များနှင့်စပ်လျဉ်၍ ဆောင်ရန်/ ရှောင်ရန်များအား လှည့်လည်အသိပေးနှိုးဆော်မှုသတင်း

MOS

DSW

DDM

DOR