ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန သတင်း

လူမှု၀န်ထမ်း၊ ကယ်ဆယ်​ရေးနှင့် ပြန်လည်​နေရာချထား​ရေး၀န်ကြီးဌာန၊ ​ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဧရာ၀တီတိုင်း​ဒေသကြီးဦးစီးမှူးရုံးနှင့် ပုသိမ်ခရိုင်ဦးစီးမှူးရုံးမှ တာ၀န်ရှိသူများသည် ပုသိမ်ခရိုင်၊ ကန်ကြီး​ထောင့် မြို့၊ အမှတ်(၃)ရပ်ကွက်၊ ကျန်စစ်သားလမ်း၊ မာလာကုန်းလမ်းဆုံအနီး၌ (၄-၁၁-၂၀၂၃)ရက်​နေ့ (၁၉:၁၀) နာရီ အချိန်တွင် ဖြစ်ပွားခဲ့​သော မီး​ဘေး​ကြောင့် ဒဏ်ရာရရှိသူ(၄)ဦးအနက် ပုသိမ်မြို့ပြည်သူ့​ဆေးရုံကြီး၌ တက်​ရောက်​ဆေးကုသမှုခံယူလျက်ရှိ​သော ဒဏ်ရာရရှိသူ(၃)ဦးအတွက် (၁)ဦးလျှင် (၅၀,၀၀ဝ/-)ကျပ်ဖြင့် စုစု​ပေါင်း​ထောက်ပံ့​ငွေ (၁၅၀,၀၀ဝ/-)ကျပ်တို့အား (၅-၁၁-၂၀၂၃)ရက်​နေ့ (၁၇:၂၅)နာရီအချိန်၌ ပုသိမ်ခရိုင်စီမံအုပ်ချုပ်​ရေးအဖွဲ့မှ တာ၀န် ရှိသူများနှင့်အတူ ပုသိမ်မြို့၊ ပြည်သူ့​ဆေးရုံကြီးသို့သွား​ရောက်၍ ​ဘေးသင့်မိသားစု၀င်များလက်၀ယ်အ​ရောက် ​ထောက်ပံ့​ပေးအပ်ခဲ့ပါသည်။

Source: DDM


နောက်ဆုံးရသတင်းများ

ကသာမြို့၌ ဧရာဝတီမြစ်ရေကြီးခြင်းနှင့်ပတ်သက်၍ သတိပြုနေထိုင်ရေးနှင့် ကြိုတင်ပြင်ဆင်နိုင်ရေး အသိပညာပေးနှိုးဆော်ခြင်းနှင့် ရေဘေးအသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခြင်း ဆောင်ရွက်မှုသတင်း

MOS

DSW

DDM

DOR