ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန သတင်း


လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ရေကြည်မြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်း မြို့၊ သရက်ချောင်းကျေးရွာအုပ်စု၊ သောင်ရွာကျေးရွာနှင့် ကွင်းလျားကျေးရွာအုပ်စု၊ အိုင်ဇောက်ကျေးရွာတို့၌ (၁၄-၅-၂၀၂၃) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ပြိုကျပျက်စီး အိမ်ခြေ (၂)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၂၀၀,၀၀ဝ/-)၊ တစ်စိတ်ပိုင်းပျက်စီးနေအိမ်(၁)လုံးအတွက် အိမ် ဆောက်ပစ္စည်းဖိုး(၁၅,၀၀၀/-)၊  အိမ်ထောင်စု(၃)စုမှ လူဦးရေ(၁၀)ဦးအတွက် ဆန်ရိက္ခာ (၇)ရက်စာ ရန်ပုံငွေ(၂၁,၀၀ဝ/-) စုစုပေါင်း ကယ်ဆယ်ရေးရန်ပုံငွေကျပ် (၂၂၁,၀၀၀/) နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၇)မျိုးပါ (၂)အိမ်ထောင်စာတို့အား (၁၄-၅-၂၀၂၃)ရက်နေ့ (၁၀း၃၀)နာရီအချိန်တွင် တာဝန်ရှိသူများ ရှေ့မှောက်၌ ဘေးသင့်ပြည်သူများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါသည်။


Source: DDM

နောက်ဆုံးရသတင်းများ

ကသာမြို့၌ ဧရာဝတီမြစ်ရေကြီးခြင်းနှင့်ပတ်သက်၍ သတိပြုနေထိုင်ရေးနှင့် ကြိုတင်ပြင်ဆင်နိုင်ရေး အသိပညာပေးနှိုးဆော်ခြင်းနှင့် ရေဘေးအသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခြင်း ဆောင်ရွက်မှုသတင်း

MOS

DSW

DDM

DOR