ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန သတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၈-၇-၂၀၂၁) ရက်နေ့၊ နံနက်ပိုင်းတွင် ပဲခူးမြစ်ရေ မြင့်တက်ဝင်ရောက်ခဲ့မှုကြောင့် ပဲခူးမြို့ အလကခွဲ (ဖောင်တော်ဦး) နှင့် ဖောင်တော်ဦး အမက တွင် ရွှေ့ပြောင်းထားရှိသော ဇိုင်းဂနိုင်း (တောင်ပိုင်း)မှ အိမ်ထောင်စု (၇၂)စု၊ လူဦးရေ (၃၂၀) ဦးအတွက် (၇)ရက်စာ ဆန်ရိက္ခာဖိုးငွေ (၆၇၂,၀၀၀/-) ကျပ်နှင့် Mask (၂) ခုနှုန်းဖြင့် စုစုပေါင်း Mask (၆၄၀) ခု တို့အား (၂၈-၇-၂၀၂၁) ရက်နေ့၊ (၁၇:၀၀) နာရီအချိန်တွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။


Source: DDM


နောက်ဆုံးရသတင်းများ

ကသာမြို့၌ ဧရာဝတီမြစ်ရေကြီးခြင်းနှင့်ပတ်သက်၍ သတိပြုနေထိုင်ရေးနှင့် ကြိုတင်ပြင်ဆင်နိုင်ရေး အသိပညာပေးနှိုးဆော်ခြင်းနှင့် ရေဘေးအသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခြင်း ဆောင်ရွက်မှုသတင်း

MOS

DSW

DDM

DOR