ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန သတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မင်းလှမြို့နယ်အမှတ်(၇)ရပ်ကွက်၊ ဗိုလ်ရုံတန်းလမ်းရှိ အ​ခြေခံပညာအထက်တန်းကျောင်းတွင် (၂၁-၆-၂၀၂၂)ရက်နေ့ (၀၉း၀၀)နာရီအချိန်မှ (၁၀း၃၀)နာရီ အချိန်ထိ ဆရာ/ ဆရာမများနှင့် ကျောင်းသား/ ကျောင်းသူအင်အားစုစုပေါင်း(၁၅၀)ဦးခန့်အား သဘာဝဘေးနှင့်ပတ်သက်၍ အသိပညာပေးဆွေးနွေးဟောပြောပြီး ဗလာစာအုပ်များ၊ ဘောပင်များ၊ ရေဘေးအသိပညာပေးပိုစတာ၊ လက်ကမ်းစာစောင်များ၊ ငလျင်ဘေးပိုစတာများ ဝေငှခဲ့ပါကြောင်းနှင့် အဆိုပါအခမ်းအနားသို့ မြို့နယ်ဌာနဆိုင်ရာများမှ တာဝန်ရှိသူများတက်ရောက်​ခဲ့ပါသည်။


Source: DDM

နောက်ဆုံးရသတင်းများ

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်၊ လေးအိမ်တန်းကျေးရွာအုပ်စု၊ လေးအိမ်တန်း ကျေးရွာနှင့် မြင်းကချောင်းကျေးရွာ၌ လေပြင်းဘေးထောက်ပံ့ပြီးစီးမှု သတင်း
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်၊ ဘုရားကြီးကုန်းကျေးရွာအုပ်စု၊ ဆင်ဆိပ်ကျေးရွာ၌ လေပြင်းဘေးကြိုတင် ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်မှုသတင်း
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်၊ ဘုရားကြီးကုန်းကျေးရွာအုပ်စု၊ ပင်တောကျေးရွာ၌ လေပြင်းဘေးကြိုတင် ကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်မှုသတင်း

MOS

DSW

DDM

DOR