လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်
ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ
တာဝန်ရှိသူများသည် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၊
စည်ပင်ကြီး၊ ချောင်းကမ်းကြီး၊ ရွာသစ်ကြီးနှင့်ညောင်ပင်ကြီးကျေးရွာများအတွင်းရှိ ရေဘေးကြောင့် မျောပါနေအိမ် (၄၉) လုံးအတွက်
အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ (၄,၉၀၀,၀၀ဝိ/-)နှင့် တစ်စိတ်တစ်ပိုင်းပျက်စီးနေအိမ် (၆၆) လုံးအတွက်
(၃,၃၀၀,၀၀ဝိ/-) ကျပ်တို့အား
(၁၁-၁၀-၂၀၂၄) ရက်နေ့တွင် နေပြည်တော်ကောင်စီဝင် ဦးဟန်သူ၊
ဇေယျာသီရိမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊
သက်ဆိုင်ရာတာဝန်ရှိသူများနှင့် အတူရေဘေးသင့် ပြည်သူများလက်ဝယ်သို့ ထောက်ပံ့ပေးအပ်ခဲ့ပါသည်။
Source: DDM