လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပုလောမြို့နယ်ဦးစီမှူးရုံးမှ တာဝန်ရှိသူများသည် (၆-၇-၂၀၂၂) ရက်နေ့ နံနက် (၁၀:၃၀) အချိန်တွင် ပုလောမြို့နယ်ရှိ အ.ထ.က (၁) အခြေခံပညာအထက်တန်းကျောင်းတွင် လူမှုဝန်ထမ်းဦးစီးဌာနနှင့်ပူးပေါင်း၍ ကျောင်းသားနှင့် ဆရာ၊ ဆရာမဦးရေ(၁၀၅)ဦးအား သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်၍ အသိပညာပေးဟောပြောပွဲဆောင်ရွက်ခဲ့ပြီး လက်ကမ်းစာစောင်၊ ဗီနိုင်း၊ ဘောလ်ပင်များဝေငှခဲ့ပါသည်။
Source: DDM