ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန သတင်း


          ၂၉-၈-၂၀၂၂ ရက်နေ့တွင် တွံတေးခရိုင်၊ ဒလမြို့နယ်၊ ကမာကဆစ်ရပ်ကွက်၊ ခရေလမ်းရှိ နေအိမ်(၁)လုံး၌ ခြင်ဆေးခွေထွန်းရာမှတဆင့် မီးလောင်မှုဖြစ်ပွားခဲ့ရာ ၎င်းအိမ်အပါအဝင် နေအိမ်(၂)လုံး မီးလောင်ပျက်စီး၍ အခြားနေအိမ်(၂)လုံးမှာ တစ်စိတ်တပိုင်းမီး‌လောင် ပျက်စီး ဆုံးရှုံးခဲ့ပြီး အိမ်ထောင်စု(၅)စုမှ လူဦးရေ(၂၄)ဦးတို့ မီးဘေးဒုက္ခခံစားခဲ့ရပါသည်။

          အဆိုပါမီးဘေးအတွက် ၃၁-၈-၂၀၂၂ ရက်နေ့တွင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ တောင်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ(၄၇၀,၀၀၀/-)ကျပ်၊ ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ(၅၀,၄၀၀/-)ကျပ်[စုစုပေါင်းထောက်ပံ့ ငွေ(၅၂၀,၄၀၀)ကျပ်]နှင့်ကယ်ဆယ်ရေးပစ္စည်း(၁၇)မျိုးပါ ပလပ်စတစ်ပုံး(၂)ပုံးတို့အား ဘေးသင့်ပြည်သူများထံသို့ ထောက်ပံ့ပေးခဲ့ပါသည်။

နောက်ဆုံးရသတင်းများ

ကသာမြို့၌ ဧရာဝတီမြစ်ရေကြီးခြင်းနှင့်ပတ်သက်၍ သတိပြုနေထိုင်ရေးနှင့် ကြိုတင်ပြင်ဆင်နိုင်ရေး အသိပညာပေးနှိုးဆော်ခြင်းနှင့် ရေဘေးအသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခြင်း ဆောင်ရွက်မှုသတင်း

MOS

DSW

DDM

DOR