ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန သတင်း


 

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ပဲခူးတိုင်းဒေသကြီး၊သာယာဝတီခရိုင်၊မင်းလှမြို့နယ်ဦးစီးရုံးမှတာဝန်ရှိသူများသည် သာယာဝတီခရိုင်၊ မင်းလှမြို့နယ်၊ ကျေးရွာအုပ်စု (၁၂)စု၊ ကျေးရွာ (၁၄) ရွာ၌ (၁၄/၁၅/၁၆-၅-၂၀၂၃)ရက်နေ့တို့တွင် ဖြစ်ပွားသော လေဘေးမှ ပြိုလဲပျက်စီးလူနေ အိမ်(၁)လုံး၊ အမိုးလန်ပျက်စီးလူနေအိမ် (၁၅)လုံးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ (၈၃၀,၀၀၀/-) ကျပ်၊ အိမ်ထောင်စု(၁၆)စုရှိ လူဦးရေ (၅၀)ဦးအတွက် ဆန်ရိက္ခာ (၇)ရက်စာဖိုး ထောက်ပံ့ငွေ (၁၀၅,၀၀၀ိ/-)ကျပ်၊ စုစုပေါင်း  ထောက်ပံ့ငွေ (၉၃၅,၀၀ဝ/-)ကျပ်နှင့် ပြိုလဲပျက်စီးလူနေအိမ်(၁) လုံးရှိ အိမ်​ထောင်စု(၁)စုအတွက် လေးထောင့်ပလပ်စတစ်ပုံးအပါ ကယ်ဆယ်ရပစ္စည်း (၁၇) မျိုး (၁)ပုံးနှင့် စက္ကူကတ္တူပုံး(၁)ပုံးတို့အား (၁၇-၅-၂၀၂၃)ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် မင်းလှမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအ​ဝေးခန်းမ၌ တာဝန်ရှိသူများရှေ့မှောက်၌ ​ဘေးသင့်ပြည်သူများ လက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါသည်။

Source: DDM

နောက်ဆုံးရသတင်းများ

ကသာမြို့၌ ဧရာဝတီမြစ်ရေကြီးခြင်းနှင့်ပတ်သက်၍ သတိပြုနေထိုင်ရေးနှင့် ကြိုတင်ပြင်ဆင်နိုင်ရေး အသိပညာပေးနှိုးဆော်ခြင်းနှင့် ရေဘေးအသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခြင်း ဆောင်ရွက်မှုသတင်း

MOS

DSW

DDM

DOR