သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဆောင်ရွက်မှုသတင်း
၀၈ ဇွန် ၂၀၂၂
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊
စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၅-၆-၂၀၂၂)ရက်နေ့တွင်
တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေးတက္ကသိုလ်(ရွာသစ်ကြီး)၌ တက်ရောက်လျက်ရှိသော
ကျောင်းသား/ ကျောင်းးသူ စုစုပေါင်း(၁၁၀၀)ဦးနှင့် ဆရာ၊ ဆရာမ၊ ဝန်ထမ်း (၅၂)ဦးတို့အား
သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဆွေးနွေးဟောပြောခဲ့ပြီး မိုးတွင်းကာလတွင်ဖြစ်ပေါ်လေ့ရှိသော
မုန်တိုင်းဘေးအန္တရာယ်ကျရောက်လာပါက ဘေးလွတ်ရာသို့ရွေ့ပြောင်းရေးဆိုင်ရာသရုပ်ပြလေ့ကျင့်ခြင်းအား
ကျောင်းသား၊ ကျောင်းသူ (၂၆၁) ဦးဖြင့် လေ့ကျင့်ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
Source: DDM