လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင် ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဥတ္တရခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၅.၁၁.၂၀၂၅ )ရက်နေ့၊ နံနက် (၉း၃၀)အချိန်မှ (၁၂း၀၀)အချိန်ထိ ဥတ္တရသီရိမြို့နယ်၊သရက်တောကျေးရွာအုပ်စု၊ အ.ထ.က (သရက်တော)တွင် ကျောင်းသားကျောင်းသူ (၂၅၀) ဦးနှင့် ဆရာဆရာမ (၁၅)ဦးတို့အား ရာသီအလိုက်ဖြစ်ပွားတတ်သော သဘာဝဘေးအန္တရာယ်များနှင့်ပတ်သတ်၍ ဆောင်ရန်/ ရှောင်ရန်များအား အသိပညာပေးဟောပြောပွဲဆောင်ရွက်ခဲ့၍ လက်ကမ်းစာစောင်နှင့် နံရံကပ်ပိုစတာများ ဖြန့်ဝေခဲ့ပြီး၊ နေ့လည် (၁၃:၀၀)အချိန်မှ (၁၆:၀၀)အချိန်အထိ ဥတ္တရသီရိမြို့နယ်၊ သရက်တောကျေးရွာအုပ်စု၊ သရက်တောကျေးရွာ၊ မသိမ်ကျေးရွာ၊ ပိုးစာတောကျေးရွာများတွင် ရာသီအလိုက်ဖြစ်ပွားတက်သော သဘာဝဘေးအန္တရာယ်များနှင့်ပတ်သတ်၍ ဆောင်ရန် ရှောင်ရန်များအား လှည့်လည်နှိုးဆော်ခဲ့ပါသည်။




