ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန သတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၆.၄.၂၀၂၄) ရက်နေ့ ၊(၁၀း၀၀)အချိန်မှ (၁၂း၀၀) အချိန်ထိ ပျဥ်းမနားမြို့နယ်၊စက်ရုံကျောင်း၌ ကျောင်းသား/ သူ (၁၀၀)ဦး၊ (၁၃း၀၀)အချိန်မှ (၁၅း၃၀)အချိန်ထိ မြတ်ဆုမွန်(သစ်လေးလုံး) ကျောင်းတွင် ကျောင်းသား/ သူ(၅၀)ဦး စုစုပေါင်း ကျောင်းသား/သူ (၁၅၀)ဦးတို့အား သဘာဝဘေး အန္တရာယ်များနှင့်ပတ်သက်၍ အသိပညာပေးဟောပြောပွဲကို ကျင်းပပြုလုပ်ခဲ့ပြီး အဆိုပါဟောပြောပွဲ တွင် သဘာဝဘေးအသိပညာပေး လက်ကမ်းစာစောင်၊ နံရံကပ်ပိုစတာများ၊ ဗီနိုင်းပိုစတာများ၊ ခဲတံနှင့် ဗလာစာအုပ်များ ဖြန့်ဝေပေးခဲ့ ပါသည်။

 

Source: DDM

နောက်ဆုံးရသတင်းများ

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်၊ လေးအိမ်တန်းကျေးရွာအုပ်စု၊ လေးအိမ်တန်း ကျေးရွာနှင့် မြင်းကချောင်းကျေးရွာ၌ လေပြင်းဘေးထောက်ပံ့ပြီးစီးမှု သတင်း
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်၊ ဘုရားကြီးကုန်းကျေးရွာအုပ်စု၊ ဆင်ဆိပ်ကျေးရွာ၌ လေပြင်းဘေးကြိုတင် ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်မှုသတင်း
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်၊ ဘုရားကြီးကုန်းကျေးရွာအုပ်စု၊ ပင်တောကျေးရွာ၌ လေပြင်းဘေးကြိုတင် ကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်မှုသတင်း

MOS

DSW

DDM

DOR