ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန သတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်​ရောချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီ မံခန့်ခွဲမှုဦးစီးဌာန၊ ကသာခရိုင်ဦးစီးမှူးရုံးမှ စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ဗန်းမောက်မြို့နယ်၊ ကနန်းဒေသစိတ်အတွင်းရှိ ကနန်းမူးသားကျေးရွာအုပ်စု၊ ပဲ့နင်းကျေးရွာတွင် (၃၁.၇.၂၀၂၁)ရက်နေ့၌ မူးမြစ်ရေ ရုတ်တရက်ဝင်ရောက်မှုကြောင့် မျှောပါပျက်စီးခဲ့သော ဘေးသင့်အိမ်ထောင်စု (၁)စုမှ လူ(၆)ဦး အတွက် အဝတ်(Mask) (၁၂)ခု၊ Family Kit (၁)ပုံး၊ အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ (၁၀၀၀၀ဝိ/-)နှင့် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ(၁၂၆၀ဝိ/-)၊ စုစုပေါင်းထောက်ပံ့ငွေ(၁၁၂၆၀ဝိ/-)ကျပ်အား (၇.၈.၂၀၂၁)ရက်နေ့ (၁၀:၃၀) နာရီအချိန်ခန့်တွင် သက်ဆိုင်ရာအထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မှတဆင့် ဘေးသင့်ပြည်သူထံသို့ ထုတ်ပေးထောက်ပံ့ခဲ့ပါသည်။

နောက်ဆုံးရသတင်းများ

ကသာမြို့၌ ဧရာဝတီမြစ်ရေကြီးခြင်းနှင့်ပတ်သက်၍ သတိပြုနေထိုင်ရေးနှင့် ကြိုတင်ပြင်ဆင်နိုင်ရေး အသိပညာပေးနှိုးဆော်ခြင်းနှင့် ရေဘေးအသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခြင်း ဆောင်ရွက်မှုသတင်း

MOS

DSW

DDM

DOR