လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မင်းဘူးခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည်
(၁၉-၈-၂၀၂၁)ရက်နေ့ (၁၁း၀၀)နာရီအချိန်မှ (၁၂း၀၀)နာရီအချိန်ထိ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်၊
ပေါက်ကုန်း ကျေးရွာအုပ်စု၊ ပေါက်ကုန်းကျေးရွာ၊ ကံလှကျေးရွာ၊ ကျောင်းစုကျေးရွာနှင့်
ဇီးကျွန်း ကျေးရွာများတွင် မိုးရာသီတွင်ဖြစ်ပွားတတ်သည့် ရေဘေးအန္တရာယ်နှင့်ပတ်သက်၍
ပြည်သူများ ကြိုတင်ပြင်ဆင်နိုင်ရန်နှင့် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးတို့အတွက်
ဆောင်ရန်/ ရှောင်ရန်အချက်များအား အသိပညာပေးခြင်း၊ လက်ကမ်းစာစောင်များဖြန့်ဝေခြင်းနှင့်
COVID-19 ရောဂါဆိုင်ရာအသိပညာပေးလုပ်ငန်းများကိုလည်း ဆောင်ရွက်ခဲ့ပါသည်။
Source: DDM