ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန သတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ညောင်တုန်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ညောင်တုန်းမြို့၊ ဂန်ချောင်းကျေးရွာအုပ်စု၊ မာယုချောင်းဖျား ကျေးရွာတွင် (၃-၈-၂၀၂၃)ရက်နေ့တွင် ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့် ကမ်းပြိုဘေးကြောင့် ကြိုတင်ပြောင်းရွေ့ နေအိမ်(၁၂)လုံး၊အိမ်ထောင်စု (၁၂)စုမှ၊ လူဦးရေ(၄၀)ဦးအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁) ဗိုလ်မှူး အောင်မျိုးသူ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မီးသတ်ဦးစီးဌာန၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့တို့နှင့်ပူးပေါင်း၍ ဖျက်သိမ်းပြောင်းရွှေ့ခြင်းများဆောင်ရွက်ပေးခဲ့ပြီး ကမ်းပြိုဘေးသင့်သည့်အိမ်ထောင်စုများအား ပြောင်းရွှေ့စရိတ် (၁)အိမ်ထောင်(၁၀၀,၀၀၀/-)ကျပ်နှုန်းဖြင့် (၁,၂၀၀,၀၀၀/-)သိန်း၊ လူဦး‌‌ရေ(၄၀)ဦးအတွက် ဆန်ရိက္ခာရန်ပုံငွေ (၈၄,၀၀၀/-)ကျပ် စုစုပေါင်း (၁,၂၈၄,၀၀၀)/-ကျပ်ကို ( ၄- ၈- ၂၀၂၃ ) ရက်နေ့တွင် ဘေးသင့်ပြည်သူများထံ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါသည်။

Source: DDM


 

နောက်ဆုံးရသတင်းများ

ကသာမြို့၌ ဧရာဝတီမြစ်ရေကြီးခြင်းနှင့်ပတ်သက်၍ သတိပြုနေထိုင်ရေးနှင့် ကြိုတင်ပြင်ဆင်နိုင်ရေး အသိပညာပေးနှိုးဆော်ခြင်းနှင့် ရေဘေးအသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခြင်း ဆောင်ရွက်မှုသတင်း

MOS

DSW

DDM

DOR