ရေဘေးအတွက် ထောက်ပံ့မှုသတင်း
                                  
                                    ၂၃ စက်တင်ဘာ ၂၀၂၁                                   
                                  
                                 
                               
                             
                            
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လားရှိုးခရိုင်ဦးစီးမှူးရုံးမှ
တာဝန်ရှိသူများသည် (၂၀-၉-၂၀၂၁)ရက်နေ့(၁၈း၁၅)ချိန်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့်
လားရှိုးမြို့နယ်၊ မန်အိုင်ကျေးရွာအုပ်စု၊ မန်အိုင်ကျေးရွာနေ
ဒေါ်နှင်းဝေ(ဘ)ဦးစိုးမြင့် ၊ဗမာ/ဗုဒ္ဓ ကျောင်းဆရာမ၏ သွပ်မိုး၊ ထရံကာနေအိမ်
အနောက်ဘက်ရှိ အုတ်တံတိုင်းပြိုကျခဲ့ပြီး နေအိမ်အတွင်းသို့
ရေများဝင်ရောက်ခဲ့သဖြင့် အုတ်ဖြင့်ကာရံထားသော အိမ်ခန်း(၃)ခန်းပျက်စီးခဲ့ပြီး ဆုံးရှုံးမှုတန်ဖိုး(၃၀၀ဝ၀၀၀ိ/-)ဖြစ်ကြောင်းနှင့်
၎င်းဘေးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၉၀၀၀၀ိ/- )၊ လူဦးရေ(၄)ဦးအတွက်
ဆန်ရိက္ခာ(၇)ရက်စာထောက်ပံ့ ငွေ(၈၄၀၀ိ/-)စုစုပေါင်းထောက်ပံ့ငွေ
(၉၈၄၀၀ိ/-)အား 
(၂၁-၉-၂၀၂၁) ရက်နေ့တွင် ထောက်ပံ့ခဲ့ပါသည်။
 
  
  
   
    
    
    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊
    ဘေးအန္တရာယ်ဆိုင်ရာ 
    စီမံခန့်ခွဲမှုဦးစီးဌာန၊ လားရှိုးခရိုင်ဦးစီးမှူးရုံး တာဝန်ရှိသူများက  
    ရေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့နေစဉ် 
     
     | 
    
   
    | 
 
Source: DDM