ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန သတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်း ဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၅-၂-၂၀၂၄)ရက်နေ့(၀၅:၀၅)အချိန်ခန့်တွင် ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံခရိုင်၊ မင်္ဂလာဒုံမြို့နယ်၊ ချစ်တီးကုန်းရပ်ကွက်၊ တနင်္သာရီလမ်း၊ ပဝန်း၊ အခန်းအမှတ်(ဂ/၁၂)ရှိ (၂၀ x ၄၀) ပေ၊ သွပ်မိုး၊ အုတ်ညှပ်၊ ပျဉ်ခင်း(၂)ထပ် အဆောက်အဦး (၁၄) ခန်းတွဲရှိသည့်အနက် ရွှေလင်းယုန်ကားဂိတ် (မော်လမြိုင်-မုဒုံ-ရန်ကုန်)တွင် water cooler အပူလွန်ကဲရာမှ  မီးစတင်လောင်ကျွမ်းခဲ့ပြီး၊ မီးလောင်မှုကြောင့် ဆိုင်ခန်း(၆)ခန်းနှင့် ကျား(၃)ဦးသေဆုံးခဲ့ပါသဖြင့် သေဆုံးသူ (၃)ဦး အတွက် (၁)ဦးလျှင် ထောက်ပံ့ငွေ (၃၀၀၀၀ဝိ/-)ကျပ်နှုန်းဖြင့် (၃)ဦးအတွက် ထောက်ပံ့ငွေ ကျပ်စုစုပေါင်း (၉၀၀၀၀ဝိ/-)အား (၆-၂-၂၀၂၄) ရက်နေ့ (၁၃:၃၀)အချိန်နာရီတွင် မင်္ဂလာဒုံမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့် အတူပြည်သူများ၏ လက်ဝယ်အရောက်ထောက်ပံ့ပေးအပ်ခဲ့ပါသည်။


Source:  DDM

နောက်ဆုံးရသတင်းများ

ကျိုက်ထိုမြို့၊ ကံ့ကော်ရပ်ကွက်၊ ဆေးရုံလမ်းဆုံနှင့် ကျိုက်ထီးရိုးဘုရားလမ်းခွဲ (Denko ဆီဆိုင်လမ်းဆုံ)၊ ဇေယျာမွန်ရပ်ကွက်၊ တောင်သူစုရပ်ကွက်၊မြောက်ပိုင်းရပ်ကွက်၊ ကော့စံနိုင်ရပ်ကွက်တို့၌ လတ်တလောဖြစ် ပေါ်နေသည့်အားကောင်းသော မုန်တိုင်းငယ်သတိပေးချက်များနှင့်စပ်လျဉ်၍ ဆောင်ရန်/ ရှောင်ရန်များအား လှည့်လည်အသိပေးနှိုးဆော်မှုသတင်း

MOS

DSW

DDM

DOR