လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ပုသိမ်ခရိုင်ဦးစီးမှူးရုံးမှ တာ၀န်ရှိသူများသည် (၁၃-၃-၂၀၂၃)ရက်နေ့တွင် မိုးရွာသွန်း၍ လေပြင်းတိုက်ခတ်မှုကြောင့် ပုသိမ်မြို့၊ အမှတ်(၁၅)ရပ်ကွက်ရှိ ပြိုကျပျက်စီးနေအိမ်(၂)လုံးအတွက် အိမ်ဆောက်ပစ္စည်းထောက်ပံ့ငွေကျပ်(၂၀၀,၀၀ဝ/-)၊ ကယ်ဆယ်ရေးပစ္စည်း(၁၇)မျိုးပါ (၂)ပုံး၊ တစ်စိတ်တစ်ပိုင်းပျက်စီးနေအိမ်(၃)လုံးအတွက် အိမ်ဆောက် ပစ္စည်းဖိုးထောက်ပံ့ငွေကျပ်(၁၁၀,၀၀ဝ/-)၊ ကိုးဆူအုပ်စု၊ သဲဂရက်ကျေးရွာရှိ တစ်စိတ်တစ်ပိုင်း ပျက်စီးနေအိမ်(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေကျပ်(၃၀,၀၀ဝ/-)၊ ရွှေမြင်တင် အုပ်စု၊ ဝါးယားချောင်းကျေးရွာနှင့် ဇင်ပြွန်းကုန်းအုပ်စု၊ ဓနုံးချောင်းကျေးရွာရှိ ပြိုကျပျက်စီးနေအိမ်(၂)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေကျပ်(၂၀၀,၀၀ဝ/-)၊ ကယ်ဆယ်ရေး ပစ္စည်း(၁၇)မျိုးပါ (၂)ပုံး၊ စုစုပေါင်းအိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေကျပ်(၅၄၀,၀၀ဝ/-)၊ ဘေးသင့် လူဦးရေ (၃၅)ဦးအတွက် (၇)ရက်စာဆန်ရိက္ခာဖိုးထောက်ပံ့ငွေကျပ်(၇၃,၅၀ဝ/-)၊ စုစုပေါင်းထောက်ပံ့ငွေကျပ်(၆၁၃,၅၀ဝ/-)တိတိအား (၁၄-၃-၂၀၂၃)ရက်နေ့တွင် ပုသိမ်မြို့နယ်စီမံအဖွဲ့မှ တာ၀န်ရှိသူများနှင့်အတူပူးပေါင်း၍ ဘေးသင့်ပြည်သူများလက်၀ယ်အရောက် ကွင်းဆင်းထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: DDM